မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ၏ (၁၂) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး နှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပခြင်း။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ၏ (၁၂) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး နှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် (စနေနေ့) တွင် သိမ်ဖြူလမ်းရှိဝန်ကြီးများရုံး မြက်ခင်းပြင်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားသို့ UMFCCI နှင့်ညီနောင်အသင်းများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အသင်းသူအသင်းသားများစုံညီစွာတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားနှင့်အတူ MCTA လူမှုရေးနှင့်ပညာရေးဆပ်ကော်မတီ၏ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကိုပါပူးတွဲကျင်းပခဲ့ပြီးထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ MCTA ၏လူမှုရေးလုပ်ငန်းများတွင်ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသောယာဉ်မောင်းများအားလည်းဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တက်ရောက်လာကြသူအားလုံးကို MCTA မှအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။