အတာသင်္ကြန်ပိတ်ရက်များအတွင်း ယာဉ်မောင်း/ယာဉ်နောက်လိုက်များနှင့်၎င်းတို့၏မိသားစုများအား နေ့လည်စာ၊ ညစာနှင့် စားသောက်ဖွယ်ရာများလှူဒါန်းကျွေးမွေးခြင်း။

အတာသင်္ကြန်ပိတ်ရက်များအတွင်း ဗိုလ်တထောင်နှင့် အလုံယာဉ်ရပ်နားစခန်းများရှိ နေရပ်မပြန်ဖြစ်သောယာဉ်မောင်း/ယာဉ်နောက်လိုက်များနှင့်၎င်းတို့၏မိသားစုများအား စားသောက်ရေးအခက်အခဲမရှိစေရန်အတွက်မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှကြီးမှူး၍ အလုပ်အမှုဆောင်များနှင့်အသင်းဝင်ဂိတ်များမှ နေ့လည်စာ၊ ညစာနှင့် စားသောက်ဖွယ်ရာများလှူဒါန်းကျွေးမွေးခဲ့ကြပါသည်။