ညီနောင်အသင်း (၃) သင်း၏ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဥ်များအသင်း (MCTA)၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) နှင့် မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MCBA) တို့အကြား "နားလည်မှုစာချွန်လွှာ" Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၈.၉.၂၆) ရက်နေ့တွင် Pan Pacific Hotel ၌ ကျင်းပခဲ့ပါသည်။ လက်မှတ်ရေးထိုးပွဲသို့ ညီနောင်အသင်း (၃) သင်း၏ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးများ၊ CEC များ တက်ရောက်ခဲ့ကြပါသည်။

















