ကုန်သေတ္တာတင်ယာဉ်မောင်းများအား Covid 19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း

မြန်မာနိုင်ငံကုန်‌သေတ္တာတင်မော်တော်ယာဉ်များအသင်းနှင့်ဗိုလ်တစ်ထောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကုန်သေတ္တာတင်ယာဉ်မောင်းများအား Covid 19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို 5/7/2026 ရက်နေ့တွင် ဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်းဝင်းအတွင်း၌ပြုလုပ်ခဲ့ပါသည်။