ယာဉ်မောင်းများအတွက် အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်းနှင့် ယာဉ်မောင်းသက်သေခံကတ်များပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ အသင်းဝင်ယာဉ်များကိုမောင်းနှင်သော ယာဉ်မောင်းများအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်းနှင့်
ယာဉ်မောင်းသက်သေခံကတ်များပေးအပ်ပွဲအခမ်းအနားကို ၃၀/၈/၂၆ ရက်နေ့တွင်ဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမဲ့ဆေးခန်းသို့
အလှူငွေနှင့်ပစ္စည်းများထည့်ဝင်လှူဒါန်းပေးကြသူများအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

















