ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စည်းကမ်းလိုက်နာစေရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း မှ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဝင်များ၊ Asia World ဆိပ်ကမ်းမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Asia World ဆိပ်ကမ်းရှေ့ကျောက်လမ်းမကြီးပေါ်တွင် ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ  ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား ၃၁/၈/၂၀၂၆  ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။