မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း။

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုဗိုလ်တစ်ထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း၌ ၃၀.၅.၂၀၂၆ ခုနှစ် (စနေနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ယာဉ်ထိန်းတပ်ဖွဲ့နှင့်ဆိပ်ကမ်းများမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်၍ အသိပညာပေးဟောပြောခဲ့ကြပြီး အသင်းအလုပ်အမှုဆောင်များ၊  ကုန်သေတ္တာယာဉ်မောင်းများတက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော ယာဉ်မောင်းများအားအသင်းမှ လက်ဆောင်အင်္ကျီများဝေငှခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များဖြင့်တည်ခင်းကျွေးမွေးခဲ့ပါသည်။