ပို့​ဆောင်​ရေးဝန်ကြီးဌာန၊ ပို့​ဆောင်​ရေးစီမံကိန်းဦးစီးဌာန (DOTP) နှင့် မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုအသင်းချုပ် (MTLF) တို့ ကြီးမှူးစီစဥ်သည့် "ပို့ဆောင်ရေး နှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ" "Transport and Logistics Sector Development Workshop" ကို ၁၄.၉.၂၆ (တနလ်ာနေ့) တွင် ရန်ကုန်မြို့ Chatrium Hotel ၌ နံနက် ၉ နာရီမှ ည​နေ ၅:၃၀ အထိ ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံ​ဆွေး​နွေးပွဲသို့ DOTP ​ညွန်ကြား​ရေးမှုးချုပ် ​ဦး​ဆောင်​သော သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ MTLF အသင်းချုပ်ဥက္ကဌနှင့်  အသင်းချုပ်ဝင် Transport & Logistics ညီ​နောင်အသင်းများဖြစ်ကြ​သော MCTA, MCBA, MHFTSA, MIFFA, MMMDA နှင့် CVSA တို့မှ ဥက္ကဌများနှင့် CEC EC များ စုံလင်စွာ တက်​ရောက်ခဲ့ကြပါသည်။

ဆွေး​​နွေးပွဲကို ​-

၁။ DOTP နှင့် Logistics အသင်းများ ​ပေါင်းစပ်​ဆောင်ရွက်နိုင်သည့်အ​ခြေအ​နေများ၊

၂။ GMS - Cross Border Transport Agreement ကိစ္စများ၊

၃။ Logistics Service Provider License မူကြမ်း ညှိနှိုင်းခြင်းကိစ္စများ၊

၄။ Logistics Performance Index တိုးတက်​ကောင်းမွန်​စေ​ရေးကိစ္စများ စသည့်​ခေါင်းစဥ်များဖြင့် ​​ဆွေး​နွေးခဲ့ကြရာ MCTA အသင်းကိုယ်စား ဥက္ကဌ၊ ဒုဥက္ကဌ နှင့် ဘဏ္ဍာ​ရေးမှူးတို့မှ ​​ခေါင်းစဥ်အလိုက် ပါဝင်ဆွေး​​နွေးခဲ့ကြပါသည်။