မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ဒဿမအကြိမ်နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (စနေနေ့) တွင်

မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ဒဿမအကြိမ်နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (စနေနေ့) တွင် UMFCCI,  Mingalar Hall တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားသို့ UMFCCI နှင့်ညီနောင်အသင်းများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အသင်းသူအသင်းသားများစုံညီစွာတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားနှင့်အတူ MCTA လူမှုရေးနှင့်ပညာရေး ဆပ်ကော်မတီ၏ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကိုပါပူးတွဲကျင်းပခဲ့ပြီးထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ တက်ရောက်လာကြသူ အားလုံးကိုလည်း MCTA မှအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။