အတာသင်္ကြန်ပိတ်ရက်များအတွင်းဗိုလ်တထောင်နှင့်အလုံယာဉ်ရပ်နားစခန်းများရှိနေရပ်မပြန်ဖြစ်သော

အတာသင်္ကြန်ပိတ်ရက်များအတွင်း ဗိုလ်တထောင်နှင့်အလုံယာဉ်ရပ်နားစခန်းများရှိ နေရပ်မပြန်ဖြစ်သောယာဉ် မောင်း/ယာဉ်နောက်လိုက်များနှင့် ၎င်းတို့၏မိသားစုများအား စားသောက်ရေးအခက်အခဲမရှိစေရန်အတွက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှကြီးမှူး၍ အသင်းဝင်ဂိတ်များမှ နေ့လည်စာ၊ ညစာနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းကျွေးမွေးခဲ့ကြပါသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သော အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။