မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ၂၇.၉.၂၀၂၅ ခုနှစ် (စနေနေ့) တွင် DIL Co., Ltd. ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ယာဉ်ထိန်းတပ်ဖွဲ့နှင့် သက်ဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်၍အသိပညာပေးဟောပြောခဲ့ကြပြီးအသင်းအလုပ်အမှုဆောင်များ၊ ကုန်သေတ္တာတင်ယာဉ်မောင်းများတက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော ယာဉ်မောင်းများအားအသင်းမှ လက်ဆောင်တီရှပ်များဝေငှခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များဖြင့်တည်ခင်း ကျွေးမွေးခဲ့ပါသည်။

















